Saturday, 14 May 2016

သင့်ပတ်ဝန်းကျင်က သော့ခတ်ထားတဲ့ WiFi ကလေးတွေကို Android ကလေးနဲ့ ဖောက်ကြည့်ချင်ပါသလား????????

သင့်ပတ်ဝန်းကျင်က သော့ခတ်ထားတဲ့ WiFi ကလေးတွေကို Android ကလေးနဲ့ ဖောက်ကြည့်ချင်ပါသလား????????
အောက်ပါနည်းလမ်းကလေးတွေက သင့်ကို အကူအညီပေးပါလိမ့်မယ် ..............

Educational Only ပါ။ သင့်သူငယ်ချင်းတွေကိုလည်း ပြန်လည်မျှဝေနိုင်ပါတယ် ..................

WiFi ကို Hack ဖို့အတွက်တော့ အသုံးပြုရတဲ့ app တွေ linux မှာ အများကြီးရှိပါတယ်။ Airmon, Airodump, Aircrack စတာတွေပေါ့

PC တွေမှာဆိုရင်တော့ ဒါက ပြဿနာမရှိပေမယ့် Android တွေအတွက်ကျ Broadcom-chipsets နဲ့ အခြား ကိရိယာတွေ လိုအပ်ချက်ရှိနေတာကြေင့် aircrack ကို monitor mode နဲ့ Android အားလုံးမှာ အလုပ်လုပ်ဖို့ဆိုတာ အတော့်ကို အချိန်ယူရပါတယ်။

ဘာတွေလိုအပ်မလဲ????
Wifi တစ်ခုကို ဖောက်ထွင်းဖို့အတွက် ပထမဆုံးလိုအပ်တာက bcmon လို့ ခေါ်တဲ့ monitor mode ကို သင့်ဖုန်းအတွက် ဖန်တီးပေးနိုင်မယ့် app ပါ။ Monitor Mode ရပြီးသားဖုန်းတွေမှာတော့ ဒါတွေမလိုအပ်တော့ပါဘူး။
e.g. - Xiaomi ဖုန်းတွေအားလုံးနီးပါးမှာ Monitor Mode ရပြီးသားဖြစ်ပြီး Samsung Galaxy S series တွေမှာလည်း ပါပါတယ်။ (Monitor Mode ပါပြီးသား တန်ဖိုးနည်းဖုန်းတွေထဲက အကောင်းဆုံးဖြစ်တဲ့ Xiaomi ဖုန်းတွေကို ကျွန်တော်တို့ Page ကလေးကနေ ရနိုင်ပါပြီခင်ဗျာ)
ကျန်တာတွေမှာတော့ ပါလေ့မရှိပါဘူး။ Monitor Mode မပါတဲ့ ဖုန်းတွေကတော့ ဒီကနေ ယူနိုင်ပါတယ်
3.4MB သာ ရှိတဲ့ Bcmon apk လေးကို ဒီကနေ ယူပါ
http://bit.ly/1ZP9ISO
အသေးစိတ် Power Point ဖိုင်နဲ့ Pdf ဖိုင်တို့ကို လိုချင်ပါက ဒီကနေယူပါ http://bit.ly/1WvLqzz

ကဲ လုပ်ငန်း စရအောင် ...........
ပထမဆုံးအနေနဲ့ Aircrack-ng အလုပ်လုပ်ဖို့အတွက် AircrackGUI လို့ခေါ်တဲ့ apk ကလေးကို ယူလိုက်ရပါမယ်
ဖိုင်ဆိုဒ်က Kb ပဲ ရှိပြီး အံ့သြစရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တဲ့ AirCrackGUI ကို ဒီကနေ ယူပါ http://bit.ly/1R1Ai4U
AirCrackGUI က FakeAuth,  deauth, capturing packages & entire cracking တွေကို လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် မိမိတို့ရဲ့ Android တွေမှာ Root+ Busybox ရှိပြီးသားဖြစ်ရပါလိမ့်မယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ လုံးဝ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူးခင်ဗျာ။

အားလုံးပြည့်စုံပြီဆိုရင်တော့ စတင်နိုင်ပါပြီ။ မေးစရာတစ်ခုတော့ရှိလာပါတယ်။
Hacking Time????????
ဟုတ်ကဲ့ပါ။ Password နဲ့ ပိတ်ထားတဲ့ Wifi ကွန်ယက်တစ်ခုကို ဖောက်ထွင်းဖို့အတွက်တော့ အချိန်အနည်းငယ် ကြာမှာဖြစ်ပြီး ကွန်ပျူတာနဲ့သုံးတာထက်တော့ ပိုကြာနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲ????
အချက် သုံးချက်ရှိပါတယ်။
၁။ Enable Monitor Mode လုပ်ရပါမယ်။ ပြီးရင် Networks တွေကို Scan လုပ်လို့ ရပါပြီ။ Scan time ကို သင်နှစ်သက်ရာ စက္ကန့်ထိ ပြောင်းသုံးနိုင်ပါတယ်။ ပြီးရင် အလိုရှိရာ (လိုင်းပိုကောင်းတဲ့) နက်ဝပ်ကို ရွေးပါ။ ပြီးရင် Start Capturing ကို ဒုတိယ tab ကလေးမှာ စပြီး နှိပ်နိုင်ပါပြီ။

၂။ အကယ်၍ သင်က WPA/WPA2 နက်ဝပ်ကို ဖောက်ထွင်းဖို့ ကြိုးစားတာ ဆိုရင်တော့ Handshake ကလေးတွေ ရဖို့အတွက် Broadcast/clients ကို deauthenticate လုပ်ထားနိုင်ပါတယ်။ ပြီးရင်တော့ Stop Capturing & Start Cracking ကို စလုပ်နိုင်ပါပြီ။ ဖုန်းနဲ့ လုပ်ရတာ အလွန် နှေးတယ်ဆိုတာတော့ ကြိုပြောပါရစေ။ PC နဲ့ Kali or Backtrack ကို သုံးမယ်ဆိုရင်တော့ ပိုမြန်ပါလိမ့်မယ်။ application ထဲမှာ wordlist.txt ဖိုင် ပါပြီးသားပါ။ ပိုပြီး ပြည့်စုံစေချင်ရင်တော့ သင်ကိုယ်တိုင် wordlist တစ်ခုကို အချိန်ပေးပြီး တည်ဆောက်နိုင်ပါတယ်။ ဒါမှမဟုတ် http://bit.ly/1s9a9fT မှာ ဒေါင်းယူပြီး နမူနာ ကြည့်နိုင် ထပ်ထည့်နိုင်ပါတယ်။ ထပ်မံဖြည့်စွက်ဖို့အတွက်ကတော့ သင့်ဖုန်းမှာ ES File Explorer ဒါမှမဟုတ် Notepad ရှိရပါမယ်။ အကယ်၍ password မရမီ သင် အပြင်သွားစရာရှိပါကလည်း ကိစ္စမရှိပါ။ cracking ကို နောက်မှ ဆက်လုပ်နိုင်ပါတယ်။ capture လုပ်ထားတဲ့ နေရာကို app ကနေ မှတ်ထားမှာမှို့ပါ

၃။  အကယ်၍ သင်က WEP စနစ်နဲ့ လုံခြုံရေးလုပ်ထားတဲ့ Network ကို ဖောက်ထွင်းဖို့ ကြိုးစားတာဆိုရင်တော့ Fake Authentication ကို ပထမဆုံး tab မှာ စတင်ရွေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Start Capturing ကို ပထမဆုံးအနေနဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Fake Authentication က Channel တွေကို fix လုပ်ဖို့ လိုအပ်လို့ ဖြစ်ပါတယ်။  အကယ်၍သာ network က Shared Key Authentication ကို သုံးထားမယ်ဆိုရင်တော့ Client ကို Deauth လုပ်ပြီး XOR ဖိုင်ကို ရယူရပါလိမ့်မယ်။ ပြီးရင် Fake Auth ကို restart (ပြန်စ) ပါ။  ဖိုင်ကို အလိုလျောက် သုံးပေးပါလိမ့်မယ်။ အဲသည်နောက်တော့ တတိယ tab မှာ ARP Replaying ကို start ပါ။ IVS Capturing rate ကို တိုးနိုင်ပါတယ်။ နောက်ဆုံးမှာတေ့ သင်ဟာ WEP key ကို the same tab မှာပဲ crack နိုင်ပါပြီ။

ဆက်စပ် ဗီဒီယိုဖိုင်လေးတွေကို လေ့လာချင်သေးတယ်ဆိုရင်တော့ အောက်မှာ ဖိုင်တွေပေးထားပါတယ်
၁။ http://bit.ly/1V0ildZ (Old File)
၂။ http://bit.ly/226uQWw (၂၀၁၆ ဧပြီလ update)
၃။ http://bit.ly/1rLgsq9  (aircrack-ng install ပုံ)

AircrackGUI 1.2 / for bcm4329 and bcm4330 chipsets ကို မူရင်းအတိုင်း လေ့လာချင်ရင်တော့ အောက်မှာ မူရင်းလိပ်စာပါ
http://bit.ly/1TbklAV
I.T star online store က​နေကူယူ​ဖော်​ပြခြင်းပါ

အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေခင်ဗျာ .........................


Share:
Location: Mae Tao, Mae Sot District, Thailand

0 comments:

Post a Comment



Blog Archive

Powered by Blogger.

 photo up.gif

Labels



ဖတ်​ပါ

မှတ်​ပါ

လေ့လာပါ

ဘယ်​အရာမဆို

သင့်​တွက်​ပိုသည်​မရှိပါ

ဒါ​ကြောင့်

ကောင်​တဲ့အရာမှန်​သမျှကို

လေ့လာသင်​ပါသည်


 photo up.gif

Labels

Blog Archive

Recent Posts

Unordered List

Pages

Theme Support