ကာလကြာရှည် ကောလာဟလသတင်းများ ထွက်ပေါ်နေသော Samsung ၏ ခေါက်ထားနိုင်သော စမတ်ဖုန်းကို ၂၀၁၇ ခုနှစ်တွင် တွေ့မြင်ရဖွယ်ရှိသည်။
အသစ်ထွက်ပေါ်လာသော ကောလာဟလ သတင်းတစ်ရပ်အရ အဆိုပါ ထုတ်ကုန်ကို Galaxy X ဟု ခေါ်ဆိုကြောင်းနှင့် ၎င်းသည် လာမည့်နှစ်တွင် ကုမ္ပဏီမှဖြန့်ချိမည့် အထင်ကရဖုန်း ငါးခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။
Galaxy X တွင် 4K resolution ဖြင့် ဖော်ပြနိုင်သော ခေါက်ထားနိုင်သည့် display တစ်ခု ပါဝင်မည်ဖြစ်ကြောင်း Weibo မှ ခန့်မှန်းသုံးသပ်သူတစ်ဦးက ဖော်ပြခဲ့သည်။
ထို့အပြင် Samsung သည် Galaxy S8, Galaxy S8 Edge, Galaxy Note 7 နှင့် Galaxy Note 7 Edge ဟန်းဆက်များကိုလည်း ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ထုတ်ကုန်လေးမျိုးတွင် အဆင့်မြှင့်ထားသည့် 2.5K display များ ပါဝင်လာမည်ဟု ဆိုသည်။
လတ်တလောတွင်မူ Samsung က Galaxy Note 6 ကို သြဂုတ်လလယ်၌ မိတ်ဆက်ရန် စီစဉ်လျက်ရှိသည်။
Sunday, 15 May 2016
Home »
Knowledges
» ခေါက်ထားနိုင်သည့် 4K display ပါဝင်သော Samsung Galaxy X ကို ၂၀၁၇ တွင် တွေ့မြင်ရဖွယ်ရှိ
ခေါက်ထားနိုင်သည့် 4K display ပါဝင်သော Samsung Galaxy X ကို ၂၀၁၇ တွင် တွေ့မြင်ရဖွယ်ရှိ
Location:
Mae Tao, Mae Sot District, Thailand
0 comments:
Post a Comment