Photo - မျိုးဆက်သစ် စမတ်ဖုန်းတစ်ခု ဖြစ်သော HTC Desire 830 စမတ်ဖုန်း
……………………………………………………………………
.
HTC ရဲ့ မျိုးဆက်သစ် mid-range စမတ်ဖုန်းတစ်ခု ဖြစ်တဲ့ HTC Desire 830 ဟာ ဒီရက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ စမတ်ဖုန်းသစ် တစ်ခုပါ ။ တေးဂီတ နှစ်သက်သူတွေကတော့ Desire 830 ရဲ့ အသံအရည်အသွေး ကောင်းမွန်တဲ့ boomsound speaker တွေကို နှစ်သက်နိုင်ပါတယ် ။
.
ထောင့်ဖြတ် 5.5-inch ရှိတဲ့ မျက်နှာပြင်မှာ တစ်လက်မ အတွက် pixel သိပ်သည်းဆ (401 ppi) ရှိပါတယ် ။ 1.5GHz octa-core CPU ပါဝင်တဲ့ MediaTek Helio X10 chipset ကို အသုံးပြုပေးထားပြီး RAM ပမာဏ ကတော့ 3GB ပါ ။ (အဆိုပါ chipset ဟာ Media Tek chipset တွေထဲမှာတော့ အရည်အသွေးကောင်းမွန်တဲ့ chipset လို့ သတ်မှတ်နိုင်ပါတယ် ။)
.
Internal storage 32GB ပါဝင်ပြီး micro SD ကနေ 128GB အထိ မြှင့်တင်နိုင်တာကြောင့် “ဒေတာအရေး စိတ်မအေး”တာမျိုး မဖြစ်တော့ပါဘူး ။
.
ကျောဘက်မှာတော့ 13MP camera ပါရှိပြီး OIS စနစ် ပါဝင်တာကြောင့် မိုက်ပါတယ် ။ အရှေ့ ဖက် ဆဲလ်ဖီ ကင်မရာကတော့ UltraPixel သုံး 4MP camera ဖြစ်ပါတယ် ။ ဘတ်ထရီကတော့ 2,800mAh ပါ ။ အရမ်းကြီး မများပြားပေမယ့် သင့်တော်လုံလောက်တဲ့ ပမာဏ ပါပဲ ။ ဒါပေမယ့် ဖြုတ်လို့ တပ်လို့ မရနိုင်ပါဘူး ။
.
Android OS, v6.0 (Marshmallow) ကို အသုံးပြုပေးထားတာကြောင့် ခန့် မှန်းခြေ နောက်ထပ် နှစ်နှစ်ကျော် လောက် အထိ အဆိုပါ android version ဟာ ဆက်သုံးလို့ ရအောင် အဆင်ပြေနေဦးမှာပါ ။ အခု ဖုန်းအများစုက Andriod version 5.1 ဖြစ်နေကြတုန်းပါပဲ ။ တချို့ ကလည်း android version 6.0 ကို ကူးပြောင်းလိုက်ကြပါတယ် ။
.
Sensor များကတော့ Accelerometer, proximity, compass တို့ ပဲ ဖြစ်ကြပါတယ် ။
.
Desire 830 စမတ်ဖုန်းသစ်ကို May 6 ထိုင်ဝမ်မှာ စတင်ရောင်းချ သွားမှာပါ ။ တန်ဖိုးကတော့ $310 ကျသင့်မှာ ဖြစ်ပါတယ် ။
.
လတ်တလောမှာ ထိုင်ဝမ်မှာပဲ ၀ယ်လို့ ရမှာ ဖြစ်ပေမယ့် သိပ်မကြာခင်မှာပဲ တခြားသော နိုင်ငံများက ဈေးကွက်တွေမှာ ၀ယ်ယူနိုင်မယ် လို့ မျှော်လင့်ရပါတယ် ။
.
.
.
မျိုးနေနှိုင်း
@ Mobile Age (တောင်ကြီး) https://www.facebook.com/mobile.age.tgi/photos/a.718427471578749.1073741828.718394388248724/1024801677607992/?type=3
Thursday, 5 May 2016
Home »
Knowledges
» HTC Desire 830
HTC Desire 830
Location:
Mae Tao, Mae Sot District, Thailand
0 comments:
Post a Comment