ျမန္မာဘာသာျဖင့္ ေလ့လာလို႔ရမယ့္ ဝဘ္ဆုိဒ္ေတြ
ပညာသင္ၾကားေလ့လာေရးအတြက္ က်ေနာ္တို႔အမ်ားစုအေနနဲ႔ အြန္လိုင္းမွာ ရွရင္ အဂၤလိပ္လို ေရးထားတဲ့ ဝဘ္ဆိုဒ္ေတြက ခပ္မ်ားမ်ားပါ။ ယခုလို အေျခေအနမွာ ျပည္တြင္းမွာ အေနနဲ႔ ျမန္မာဘာသာျဖင့္ ေဖာ္ျပေပး၊ ေရးျပေပးတဲ့ ဝဘ္ဆိုဒ္မ်ား ေပၚေပါက္လာေစရန္လိုအပ္ပါတယ္။ အကယ္၍ ရွိလာရင္ ရိုးရာေလးမွာ အခမဲ့ မွ်ေဝေပးပါ့မယ္။ ယခုေတာ့ ဝဘ္ဆိုဒ္ ငါးခု မွ်ေဝ ပါရေစ။
http://mm.english-attack.com/
http://www.myanmar-network.net/
http://www.thebestenglish4you.com/
http://moeshinn.com/
ယင္း ဝဘ္ဆိုဒ္ သံုးခုဟာ အဂၤလိပ္စာ ဘာသာစကားကို ေလ့လာခ်င္သူမ်ား အတြက္ ျမန္မာျပည္မွာ ေလာေလာဆယ္ ျမန္မာဘာသာနဲ႔ ျမင္ေတြ႔ႏုိင္တဲ့ ဝဘ္ဆိုဒ္မ်ား ျဖစ္ပါတယ္။ Myanmar Network ဟာ ဆုိရင္ ျဗိတိသွ် သံရံုးမွ ျမန္မာမ်ားအတြက္ ျပဳလုပ္ေပးထားတဲ့ Community ဆုိဒ္တစ္ခု ျဖစ္ျပီး IELTS နဲ႔ အျခားေသာ သင္ခန္းစာမ်ားကို ရယူႏိုင္ပါတယ္။ English Attack ကေတာ့ အြန္လိုင္း အဂၤလိပ္စာ ေလ့လာေရး သင္တန္းတစ္ခု ျဖစ္ျပီး Moeshine ကေတာ့ လူငယ္ေက်ာင္သားတစ္ဦးမွ မိမိအေတြ႔အၾကံဳျဖင့္ ျပန္လည္ တည္ေထာင္ထားျခင္း ျဖစ္ပါတယ္။ သူတို႔ အားလုံးမွာ ေဖာ္ျပတဲ့ အေၾကာင္းအရာမ်ားက တကယ္ေကာင္းပါတယ္။
https://www.youtube.com/user/RHCTechnologies/
သူကေတာ့ Networking Engineer ဘာသာရပ္ကို ေလ့လာေနသူမ်ား အတြက္ ဗီဒီယို က်ဴတိုရီရယ္မ်ား အခမဲ့ ၾကည့္ရွု လိုက္လုပ္ၾကည့္လုိ႔ရမယ့္ ေနရာ ျဖစ္ပါတ္။ RHC Technology မွ တည္ေထာင္ထားျခင္း ျဖစ္ျပီး အြန္လိုင္းကေနပဲ Networking ပညာကို အေျခခံကေန စျပီးေတာ့ လြယ္တကူ ေလ့လာလို႔ရေအာင္ Channel တစ္ခုအျဖစ္ ဖန္တီးထားျခင္း ျဖစ္ပါတယ္။
http://www.khanacademyburmese.org/
ကမၻာေက်ာ္ Khan Academy မွ သင္ရိုးနဲ႔ စာမ်ားကို ျမန္မာလို ေလ့လာႏိုင္ေအာင္ စာတမ္းထိုးထားေပးတဲ့ ဝဘ္ဆိုဒ္ျဖစ္ပါတယ္။ ေလာေလာယ္ ကေတာ့ သခၤ်ာ၊ သမုိင္း အျပင္ အျခားေသာ Science ဘာသာရပ္မ်ားကို ေလ့လာႏိုင္ပါတယ္။
ေလာေလာဆယ္ကေတာ့ YouTube ေပၚကေန ဗီဒီယိုတင္ျပီး စာသင္တဲ့ ျမန္မာ Channel ကေတာ့ အဲ့ဒီ ၂ခု ပဲ ရွိပါအံုးမယ္...
ဒါေၾကာင့္မုိ႔ အြန္လိုင္းကေန အဂၤလိပ္စာနဲ႔ Networking နည္းပညာ နဲ႔ အျခား ပညာရပ္မ်ားကို ျမန္မာဘာသာျဖင့္ ေလ့လာႏုိင္ျပီ ျဖစ္ပါေၾကာင္း သတင္းေကာင္း ပါးလိုက္ရ ပါတယ္။
ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com
#aungkham_yyl
#education_yyl
(Unicode version)
မြန်မာဘာသာဖြင့် လေ့လာလို့ရမယ့် ဝဘ်ဆိုဒ်တွေ
ပညာသင်ကြားလေ့လာရေးအတွက် ကျနော်တို့အများစုအနေနဲ့ အွန်လိုင်းမှာ ရှရင် အင်္ဂလိပ်လို ရေးထားတဲ့ ဝဘ်ဆိုဒ်တွေက ခပ်များများပါ။ ယခုလို အခြေအေနမှာ ပြည်တွင်းမှာ အနေနဲ့ မြန်မာဘာသာဖြင့် ဖော်ပြပေး၊ ရေးပြပေးတဲ့ ဝဘ်ဆိုဒ်များ ပေါ်ပေါက်လာစေရန်လိုအပ်ပါတယ်။ အကယ်၍ ရှိလာရင် ရိုးရာလေးမှာ အခမဲ့ မျှဝေပေးပါ့မယ်။ ယခုတော့ ဝဘ်ဆိုဒ် ငါးခု မျှဝေ ပါရစေ။
http://mm.english-attack.com/
http://www.myanmar-network.net/
http://www.thebestenglish4you.com/
http://moeshinn.com/
ယင်း ဝဘ်ဆိုဒ် သုံးခုဟာ အင်္ဂလိပ်စာ ဘာသာစကားကို လေ့လာချင်သူများ အတွက် မြန်မာပြည်မှာ လောလောဆယ် မြန်မာဘာသာနဲ့ မြင်တွေ့နိုင်တဲ့ ဝဘ်ဆိုဒ်များ ဖြစ်ပါတယ်။ Myanmar Network ဟာ ဆိုရင် ဗြိတိသျှသံရုံးမှ မြန်မာများအတွက် ပြုလုပ်ပေးထားတဲ့ Community ဆိုဒ်တစ်ခု ဖြစ်ပြီး IELTS နဲ့ အခြားသော သင်ခန်းစာများကို ရယူနိုင်ပါတယ်။ English Attack ကတော့ အွန်လိုင်း အင်္ဂလိပ်စာ လေ့လာရေး သင်တန်းတစ်ခု ဖြစ်ပြီး Moeshine ကတော့ လူငယ်ကျောင်သားတစ်ဦးမှ မိမိအတွေ့အကြုံဖြင့် ပြန်လည် တည်ထောင်ထားခြင်း ဖြစ်ပါတယ်။ သူတို့ အားလုံးမှာ ဖော်ပြတဲ့ အကြောင်းအရာများက တကယ်ကောင်းပါတယ်။
https://www.youtube.com/user/RHCTechnologies/
သူကတော့ Networking Engineer ဘာသာရပ်ကို လေ့လာနေသူများ အတွက် ဗီဒီယို ကျူတိုရီရယ်များ အခမဲ့ ကြည့်ရှု လိုက်လုပ်ကြည့်လို့ရမယ့် နေရာ ဖြစ်ပါတ်။ RHC Technology မှ တည်ထောင်ထားခြင်း ဖြစ်ပြီး အွန်လိုင်းကနေပဲ Networking ပညာကို အခြေခံကနေ စပြီးတော့ လွယ်တကူ လေ့လာလို့ရအောင် Channel တစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
http://www.khanacademyburmese.org/
ကမ္ဘာကျော် Khan Academy မှ သင်ရိုးနဲ့ စာများကို မြန်မာလို လေ့လာနိုင်အောင် စာတမ်းထိုးထားပေးတဲ့ ဝဘ်ဆိုဒ်ဖြစ်ပါတယ်။ လောလောယ် ကတော့ သင်္ချာ၊ သမိုင်း အပြင် အခြားသော Science ဘာသာရပ်များကို လေ့လာနိုင်ပါတယ်။
လောလောဆယ်ကတော့ YouTube ပေါ်ကနေ ဗီဒီယိုတင်ပြီး စာသင်တဲ့ မြန်မာ Channel ကတော့ အဲ့ဒီ ၂ခု ပဲ ရှိပါအုံးမယ်...
ဒါကြောင့်မို့ အွန်လိုင်းကနေ အင်္ဂလိပ်စာနဲ့ Networking နည်းပညာ နဲ့ အခြား ပညာရပ်များကို မြန်မာဘာသာဖြင့် လေ့လာနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
Friday, 13 May 2016
Home »
Knowledges
» ျမန္မာဘာသာနဲ႔ေလ့လာလို႔ရမယ့္၀ဘ္ဆိုဒ္ေတြ
0 comments:
Post a Comment